ရန်ကုန်မြို့ ရဲ့ ယနေ့  ရာသီဥတုအခြေအနေ။

Click for Yangon, Myanmar Forecast

Friday, July 10, 2009

ထိုင်းအနုပညာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးသီချင်းစာသား။

မကြာခင်က ဖေါ်ပြပေးခဲ့သော ထိုင်းအနုပညာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးသီချင်းစာသား အဓိပ္ပါယ် ဖြစ်ပါတယ်။ ပေးပို့ ပေးလာသူ ကိုဇော်အောင်အား ကျေးဇူးတင်ရှိပါသည်။


อรัมภบท :

ชื่อเพลง : Aung San Suu Kyi
คำร้อง : HANS
ทำนอง : ยืนยง โอภากุล-พงษ์พรหม สนิทวงศ์ ณ อยุธยา

A-

How many times

G D G
A soul has to die and be born again

A- G D G
To know it should not be afraid of fear

A- G
A so called Ah Myo Ta Mee

D G A-
She knew and never forgot

G D G
What she learned of love and care

A- G D G A- G D
* Support Aung Aung San Suu Kyi

G A- G D
Aung San Suu Kyi

G A- G D7
Aung Aung San Suu Kyi

A- D
How many reichs and empires

D G
Have to rise and fall again

A- G
To make the leaders think

D G
And really understand

A- G
They can not make the people free

D G A-
By force with guns in their hands

G D G A-
The only true democracy is Liberty

(repeat *)

A- G F A-

Chosen by her people almost seven years ago

F
Because they felt she was meant to come

D- E7
And to know which way to go

A- G F A-
Never given any chance to show her wrong or right

F
Her lips were sealed
She was locked away

D- E7
In the darkness of the night

A- F
** People of the World unite

D- E7
And cheer Aung San Suu Kyi

A- F
Use your universal right (and)

D- E7
Support Aung San Suu Kyi

Solo A- E7 4 tiner A- D- E7 2 tiner F4 E7

A- G

Under pressure of the world

F A-
She is finally released

F D-
Out of prison but still we cannot say

E7
That she is free

A- G
While thousands of the people

F A-
That stood by her in the fight

F
Their lips still sealed
And still locked away

D- E7
In the darkness of the night
(repeat **, **, **, **)

A- F
People of the World unite

D- E7
And cheer Aung San Suu Kyi

A-
Aung San

အပြည့်ဖတ်မည်...

ရာထူးအရှိန်အ၀ါကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာကာ လာဘ်စားနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူး။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သည် ရန်ကုန်တိုင်းအတွင်း နေရာကောင်းသည့် မြို့နယ်များသို့ ပြောင်းရွှေ့လိုပါက မြို့နယ်မှူးတဦးလျှင် (၁၅) သိန်း မှ (၂၀) သိန်း ပေးရပါသည်။ စခန်းမှူးဆိုလျှင် (၁၅) သိန်းပေးရပါသည်။ အခြားအဆင့် ပြောင်းရွှေ့လိုပါက “ဒ/န ဌာနစိတ်၊ ထ.လ.ရ ဌာနစိတ်၊ စစရ ဌာနစိတ်များသည် (၅) သိန်းပေးရခြင်းတို့ ဖြစ်နေပြီး၊ ပြောင်ပြောင်တင်းတင်း လာဘ်ယူကာ ရာထူးအရှိန်အ၀ါကို အသုံးချနေပါသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်၏ ဇနီးမှ မင်္ဂလာတောင်ညွှန့်မြို့နယ် (၁၄၂) လမ်းတွင် နန်းဧက၇ီ အလှပြင်ဆိုင်ဖွင့်လှစ်ထားပြီး၊ မြို့နယ်ရဲစခန်းများမှ တပါတ်လျှင် နေ့အလိုက် အလှည့်ကျ တစ်မြို့နယ်လျှင် (၅)ဦးနှုန်းဖြင့် မြို့နယ်မှူးဇနီး၊ စခန်းမှူးဇနီးတို့မှ နယ်ထိန်းဇနီးများကို ခေါ်ပြီး ပို့ပေးရခြင်း၊ အလှပြင်ခအနေဖြင့် တစ်ရက်လျှင် အနည်းဆုံး (၅၀၀၀၀) ကျပ်နှုန်းဖြင့်အလှည့်ကျ ကုန်ကျခံနေရပါသည်။ ခေါင်းမလျှော်ချင်၊ ပေါင်းမတင်ချင်သော်လည်း အလှည့်ကျ မဖြစ်မနေ သွားရောက်အားပေးနေရပါသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သည် ရန်ကုန်တိုင်းတပ်ဖွဲ့မှူးဆိုသည့် အရှိန်အ၀ါဖြင့် အမှုသည်များမှ ချည်းကပ်အကူညီတောင်းသည့်ကိစ္စများတွင် တဘက်စောင်းနင်းဖြင့် ရဲစခန်းများတွင် ၀င်ရောက်ပါဝင်ပြီး၊ အာဏာကို အလွဲသုံးစားပြုလုပ်ကာ လိုက်ပါဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရှိရပါသည်။

(သတင်းပေးပို့ လာသူ ပြည်သူတစ်ဦးအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ထုတ်ပြန်ကြေညာချက်။

အပြည့်ဖတ်မည်...

အပြစ်မဲ့ပြည်သူတစ်ယောက်ကို လက်လွတ်စပယ် ရိုက်နှက်တာ နအဖ ပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာတဲ့လား။

Statement on Grievous Hurt Caused by SPDC's Local Authority

အပြည့်ဖတ်မည်...

Tuesday, July 7, 2009

မြန်မာပြည်တွင်းမှ လူငယ်များ ပေးပို့ လာသော စာ။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ ခင်ဗျာ . . .

ကျနော်တို့ သည် မြန်မာပြည်တွင်းမှ မြန်မာပြည်အနာဂါတ် တိုးတက်ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်နေကြသောလူငယ်များ ဖြစ်ပါသည်။

မိဘပြည်သူများအား ယခုတင်ပြမည့် အကြောင်းအရာများမှာ မိမိတို့ လူငယ်များ၏ သဘောထားနှင့် စစ်အာဏာရှင်တို့ မှ မိမိတို့ လူငယ်များအား ကောက်ကျစ်ယုတ်မာစွာဖြင့် မတရားအမှုဆင် ဖမ်းဆီးကာ၊ သားသမီးခြင်း ကိုယ်ခြင်းမစာနာပဲ ယုတ်မာသော နည်းလမ်းမျိုးစုံသုံးကာ ညင်းပန်း နှိပ်စက်နေကြပုံများကို မိဘပြည်သူများ သိရှိနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပထမဦးစွာအနေဖြင့် မည်သည့်လူငယ်မဆို လူငယ်များသည် အနာဂါတ်တွင် တိုင်းပြည်ကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာမည့်လူငယ်များ ဖြစ်သည်။ မိမိတို့ ၏ မျိုးချစ်စိတ်၊ ယုံကြည်ချက်၊ မတရားမှု့ ကို ခေါင်းငုံမခံတတ်သည့် လူငယ်တို့ ၏ မဟုတ်မခံစိတ်တို့ ကြောင့် မိမိတို့  သည် အာဏာရှင်စနစ်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင်ကို တော်လှန် နေကြသော လူငယ်များ၏ အသက်အရွယ်အနေအထားမှာ အများအားဖြင့် အသက် (၁၆) နှစ်မှ (၂၀) ၀န်းကျင်အရွယ်များသာ ဖြစ်သည်။

ဤလူငယ်များသည် မိဘရင်ငွေ့  နှင့် ကင်းလွတ်ကာစ အရွယ်များ၊ ပညာသင်နေဆဲလူငယ်များသာ ဖြစ်သည်။ သို့ သော် ရဲရင့်သည့် စိတ်ဓါတ်နှင့် မတရားမှုကို ခေါင်းငုံမခံတတ်သော စိတ်ဓါတ်တို့  ကြောင့် ပါတီများ ၊ လူငယ်များ ဖွဲ့စည်းထားသော တော်လှန်ရေးအဖွဲ့များသို့  ၀င်ရောက် လာကြခြင်းဖြစ်သည်။ ဤသည်မှာ တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့်သိမ်းပိုက်ကာ ရဟန်းသံဃာပါ မချန် သတ်ဖြတ်နေသော ဘီလူးစိတ်ဝင်နေသည့် စစ်အာဏာရှင်တို့ ကို တော်လှန်ရန် ဖြစ်သည်။

စစ်အာဏာရှင်တို့ က ၎င်းတို့ အာဏာတည်မြဲရေးအတွက် “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟုဆိုကာ အာဏာလက်မလွတ်ရေး ဆောင်ရွက်နေချိန်တွင် မိမိတို့လူငယ်များသည်လည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟု ရည်ရွယ်ကာ မိမိတို့ မိဘများသဖွယ် ခင်တွယ်ချစ်မြတ်နိုးရသော အဖေအမေ ၊ အဘိုးအဘွား ပြည်သူများအတွက် အာဏာရှင်ကို တော်လှန်ခဲ့ကြခြင်း ဖြစ်သည်။

ယခုလက်ရှိ တော်လှန်နေကြသော မိမိတို့ လူငယ်များသည် အာဏာရှင်လက်ပါးစေတို့ ၏ အထက်အာဏာရှင်များအကြိုက်လိုက်ကာ ၀ါဒ ဖြန့်ချီနေသော အရိုင်းအစိုင်း ပေတေ လေလွင့်နေသော ၊ စိတ်ရိုင်းဝင်နေသော လူငယ်များ မဟုတ်ကြပါ ။ မိဘပြည်သူတို့အတွက် အာဏာရှင်တို့ ၏ ဖိနှိပ်ညင်းပန်းခြင်း ခံနေရသောဘ၀တို့ မှ လွတ်မြောက်ရန် မခံမရပ်နိုင်ဖြစ်ကာ အာဏာရှင်တို့ ကို တော်လှန်နေကြခြင်းသာဖြစ်သည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ အကျဉ်းထောင်များအသီးသီးတွင် ကြီးလေးသော ပြစ်ဒါဏ်များဖြင့် အကျဉ်းကျခံနေကြရသော လူငယ်များဦးရေမှာ အရေအတွက်အားဖြင့် ( ၁၀၀ ) ကျော်ခန့် ရှိနေပြီး၊ လက်ရှိအမှုရင်ဆိုင်နေရသော လူငယ်များသည်လည်း ရှိနေသေးသည်။

အချို့ ဆိုလျှင်အရွယ်နှင့် မလိုက်ဖက်သော ကြမ်းတမ်းသည့် ရဲဘက်စခန်းများအထိ ရောက်ရှိနေကြသောလူငယ်များပင် ရှိနေသည်။ ဤကဲ့သို့ လောကငရဲသို့ ရောက်ရှိနေကြသော လူငယ်များသည် သူတို့သည် မတုန်လှုပ်ကြောင်း ၊ မိဘပြည်သူတို့ လွတ်မြောက်ရေးအတွက် ကြိုးစားရင်း အာဏာရှင်လက်ပါးစေတို့ မတရားအမှုဆင် ဖမ်းဆီးခံရခြင်းအတွက် ဘယ်သောအခါမှ နောင်တရလိမ့် မည် မဟုတ်ကြောင်းနှင့် ကျန်ရှိနေသော တော်လှန်ရေးမျိုးချစ်လူငယ်များအားလည်း ဆက်လက်တော်လှန်သွားကြရန်ကို အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများမှနေ၍ ဆက်သွယ်ရေးသားလာသောစာများတွင် ဖေါ်ပြထားသဖြင့် ဖတ်ရှု့ပြီး မိမိတို့ သည် မျက်ရည်စို့မိကြရပါသည်။

အဆိုပါ မိမိတို့၏ သူငယ်ချင်းများသည် သူတို့ ၏ ငယ်ရွယ်နုပျိုသော အချိန်များတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ကြမ်းတမ်းသော အလုပ်ကြမ်းများ လုပ်ဆောင်နေကြရသော်လည်း ဘယ်သောအခါမှ နောင်တရမည့်သူများ မဟုတ်ပေ။

ဤသည်မှာ သူတို့ ၏ ခံစားနေရသော ဆင်းရဲဒုက္ခအပေါင်းတို့သည် သူတို့ ကောင်းစားရေးအတွက် မဟုတ်ပဲ၊ မိဘပြည်သူတို့ အတွက် ကြိုးစားဆောင်ရွက်ရင်း၊ ဘီလူးစိတ် သရဲစိတ်ဝင်နေကြသော အာဏာရှင်လက်ပါးစေတို့၏ လက်အတွင်း ကျဆင်းခဲ့ရသောကြောင့်သာ ဖြစ်ပေသည်။

အကယ်၍ စာဖတ်သူအနေဖြင့် မိမိ၏ သားသမီးတစ်ဦး၊ ညီအကိုမောင်နှစ်မတစ်ဦး၊ သူငယ်ချင်းတစ်ဦး၊သည် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည် ရှိသော် မည်ကဲ့သို့ ခံစားရမည်နည်း။

သို့သော် မိမိတို့ လူငယ်များသည် အမိအဖသဖွယ် သဘောထားသော ပြည်သူ တို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေနိုင်ရေးအတွက် မိမိတို့ဘ၀များကို ဆက်လက်ပေးဆပ်နေဦးမည် ဖြစ်သည်။

ကျွန်တော်တို့  လူငယ်တွေရဲ့  မြင့်မြတ်တဲ့ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ်ရှိရှိနဲ့  ကြိုးစားဆောင်ရွက်နေကြတာကို မိဘပြည်သူတွေအနေနဲ့  အသိအမှတ်ပြုစေချင်ပြီး၊ ကျွန်တော်တို့  လူငယ်တွေအနေနဲ့  အသက်ကို ပဓါနမထားဘဲ ကြုံလာသမျှ အခက်အခဲမှန်သမျှကို ရင်ဆိုင်နေကြချိန်မှာ မိဘပြည်သူတွေအနေနဲ့ လည်း ကျွန်တော်တို့ နဲ့  အတူ ၀ိုင်းဝန်ကူညီ ပါဝင်အားဖြည့်ကြပြီး အားလုံးရင်ဆိုင်နေရတဲ့ လူမှုဘ၀နိမ့်ပါးမှုတွေကနေ လွတ်မြောက်နိုင်ဖို့ အတွက် အတူတကွဆောင်ရွက်ပေးကြပါလို့  ပြောကြားလိုပါတယ်။

အာဏာရှင်တွေကို ကျွန်တော်တို့  လူငယ်တွေ အသက်ပေးပြီး အခက်အခဲတွေ ရင်ဆိုင်နေရင်းနဲ့  ဆက်လက်တော်လှန်နေပါမယ်။ မိဘပြည်သူတွေကိုလည်း ပါဝင် ဦးဆောင်ပေးကြပါလို့  အနူးအညွတ် ပြောကြားလိုပါတယ်။

မြန်မာပြည်တွင်းမှ လူငယ်များ။

p.s - ကျွန်တော်တို့ ရဲ့  မေတ္တာရပ်ခံစာလေးကို ပြည်တွင်းပြည်ပ မိဘပြည်သူများလက်ဝယ်သို့  ရောက်ရှိအောင် ၀ိုင်းဝန်းကူညီပေးကြစေလိုပါတယ်။

အပြည့်ဖတ်မည်...

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းအချို့ ရဲ့  ရင်တွင်းခံစားမှု အချို့ ။

၇ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

ခံစားမှု (၁)။

ကျောင်းတော်ခရီး
လမ်းမကြီး၌
သွေးစီးပွက်ပွက်
ခုနစ်ရက်နေ့ 
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင်အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်ဝ်။

ခံစားမှု (၂)။

လက်သီးဆုပ်လျက် ၊ ကြွေးကြော်တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသားလူရွယ် ရဲဘက်များ ...
နီရဲပူနွေး သတ္တ္တိသွေးကား
စွန်းထင်းကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့ တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီတကား
သြော် ....
သမိုင်းစာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့ သွေးကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်းဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။

ငါ့ရင်ဝတွင် ကျည်ဆံဝင်၍
သွေးရှင်လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင်ဆန္ဒ မရမချင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းများကနေ ခံစားရေးဖွဲ့ ခဲ့ကြမှုများထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

အပြည့်ဖတ်မည်...

၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက် အရေးတော်ပုံကြီးတွင် အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ကြရသော အာဇာနည်များ။

၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက် အရေးတော်ပုံကြီးတွင် အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ကြရသော အာဇာနည်များအပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၁။ မောင်ညွန့် (ခေါ်) ခင်မောင်ညွန် ၊့ ဒု-နှစ် ဘီအေ။

၂။ မောင်စန်းရွှေ၊ အခန်း ၈၃ - စစ်ကိုင်းဆောင်၊ ဥပစာအပိုင်း (ခ)။

၃။ မောင်ကျော်ဝင်း၊ မန္တလေးဆောင်၊ ၀ိဇ္ဇာ (ခ)။

၎။ မောင်စိန်ဝင်း၊ အခန်း (၉၁) - တောင်ငူဆောင်၊ ၀ိဇ္ဖာ(ခ)။

၅။ မောင်ကျင်မိုး၊ ထားဝယ်ကျောင်း၊ ဗားကရာ။

၆။ မောင်သန်းထွန်း၊ တောင်ငူကြီး။

၇။ မောင်တင်ညွန့် ၊ တက္ကသိုလ်ဝင် စာစစ်ရေး၊ ဌာနစာရေး။

၈။ မောင်စိန်ဝင်း၊ ထွန်းအလွတ်သင်ပညာသင်ကျောင်း။

၉။ ဆူးဗား၊ အလုပ်သမား။

၁၀။ ကိုတင်ထွန်း၊ ပဲခူးဆောင်။

ယခုဖေါ်ပြသော စာရင်းထက် ကျောင်းသားသမဂ္ဂအဆောက်အဦးအား အာဏာရှင်တို့ မှ ဒိုင်းနမိုက်ဖြင့် ဖြိုခွဲမှုကြောင့် ပြိုကျပျက်ဆီးသွားသော ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်း ပါဝင်သွားခဲ့ကြသော ထိခိုက်သေဆုံးကြရသည့် ကျောင်းတော်သူကျောင်းသားများအရေအတွက်မှာမူ ပိုမိုများပြားပါသည်။

“၇ . ၇ . ၆၂ မမေ့ကြနဲ့ ”။

အပြည့်ဖတ်မည်...

၇ . ၇ . ၆၂ မမေ့ကြနဲ့ ။

အောက်ဖေါ်ပြပါ ကဗျာလေးကတော့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ၇ ဇူလိုင်အရေးတော်ပုံနဲ့  (၈) ရက်နေ့ မှာ ဖြိုချဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးနဲ့  အသက်ပေးစွန့် လွှတ်ခဲ့ကြရတဲ့ တက္ကသိုလ်ကျောင်းတော်သူ ကျောင်းသားအပေါင်းတို့ ကိုယ်စား မမေ့နိုင်တဲ့ ၇ ဇူလိုင်အကြောင်း ၁၉၈၈ ခုနှစ်အတွင်းက မျိုးဆက်သစ်ကျောင်းသားတစ်ဦးကနေ ခံစားသီဖွဲ့ ထားတဲ့ ကဗျာလေး တစ်ပုဒ် ဖြစ်ပါတယ်။

ယခုခေတ် မျိုးဆက်သစ် ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းတို့  သိစေဖို့ အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။

အသစ်တဖန် ပြန်လည်မွေးဖွားခြင်း။

`ဓါးကိုဓါးချင်း လှံကိုလှံချင်း
တုန့်နှင်းရမယ်´ .. ဒင်းပြောခဲ့တဲ့ စကား
နားဝမှာ ကြားဆဲ … ။

7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
ဒင်းလက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ ကျောင်းသား
ရာပေါင်းများစွာတွေ
သေအံမူးခိုက် ကြိမ်စာတိုက်ခဲ့ … ။

ငမိုက်ကောင် ဒင်းတို့ကို
လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏ ... ။
ဒင်းတို့ဖြိုချ ပြိုကျခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ ဘဝ
ငါတို့ရကြပါစေ … ။
ကမ္ဘာမကြေဘူးဟေ့ ... ။

လွန်ခဲ့တဲ့အဖြစ်
(၂၆) နှစ် ခေတ်တခေတ် ကြာတဲ့အခါ
သူတို့တွေ လူပြန်ဖြစ် မျိုးဆက်အသစ်နဲ့
သည်ခေတ်က ကျုပ်တို့ပဲဟေ့ …. ။

ရင်သွေး (၁၉၈၈ ခုနှစ်)။

အပြည့်ဖတ်မည်...

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ၏ ထုတ်ပြန်ကြေညာချက်။

7-July Statement by Ta Ka Ta

အပြည့်ဖတ်မည်...

Monday, July 6, 2009

ကျောင်းသားအပေါင်းတို့ ရဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲဖျက်ဆီးခဲ့သူ အာဏာရှင်နေ၀င်း ပါးစပ်ဖြားက ထွက်တဲ့ မိုက်ရိုင်းတဲ့ စိန်ခေါ်စကား။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ( ၈) ရက်နေ့ ည (၇) နာရီတွင် မြန်မာ့အသံရေဒီယိုမှနေ၍ အာဏာရှင် နေ၀င်း ကနေ - “ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ … “အခု ဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားထုနဲ့ ပြည်သူတစ်ရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး စိန်ခေါ်စော်ကားခဲ့ပါတယ်။
















၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  အာဏာသိမ်းခဲ့ပြီး မတရားတဲ့ ဖိနှိပ်ချူပ်ချယ်မှုတွေကို ပြုလုပ်ခဲတဲ့ အာဏာရှင် နေ၀င်းကို ရဲဝန့် စွာ စတင် ပုန်ကန်တော်လှန်သူတွေကတော့ ကျောင်းသားတွေဘဲ ဖြစ်ပါတယ်။ ဒီ လူသတ်ကောင် အာဏာရှင် နေ၀င်းကို ၁၉၈၈ ခုနှစ်မှာ ကျောင်းသားပြည်သူ ရန်ဟန်းရှင်လူအပေါင်းကနေ လူထုအားနဲ့  တော်လှန်တိုက်ထုတ်ကြလို့  တစ်ပါတီအာဏာရှင်စနစ်နဲ့ အတူ နေ၀င်းလည်း ပြုတ်ကျခဲ့ရပါတယ်။

သို့ သော်လည်း အာဏာရှင် နေ၀င်းကနေ မွေးထုတ်ပေးလိုက်တဲ့ အာဏာရှင်နောက်ပေါက်တွေ ဖြစ်ကြတဲ့ ယခုလက်ရှိ သန်းရွှေလက်ထက်မှာတော့ ဒီထက်ပိုမို မိုက်ရိုင်းစော်ကားတဲ့လုပ်ရပ်တွေနဲ့ အတူ ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကို ဆက်လက် ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်လျက် ရှိပါတယ်။

ဒီအတွက် ၁၉၆၂ ခုနှစ်က ပြိုကျပျက်စီးခဲ့ရတဲ့ ကျောင်းသားထုတစ်ရပ်လုံးရဲ့  ကိုယ်စားပြုရာ ဘူမိနက်သန် နေရာဌာနေ၊ အမျိုးသားတစ်ရပ်လုံးရဲ့  သမိုင်းပြယုပ်နေရာဌာနဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် ကျွန်ုပ်တို့  ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းကနေ အာဏာရှင်တွေကို သုတ်သင်ဖယ်ရှားကြပါစို့ ။















အာဏာရှင်မှန်သမျှကို "ဒါးကို ဒါးချင်း၊ လှံကို လှံချင်း တော်လှန်ကြပါစို့ " ၊ ဇူလိုင် (၇) ရက်နေ့  နောင်တော်ကျောင်းသားအပေါင်းရဲ့  ၀ိညာဉ်တွေကို သစ္စာတိုင်တည်ပြီး ဆောင်ရွက်ကြပါစို့  ……..

အပြည့်ဖတ်မည်...

အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း။

၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ်ဆိုတာ သိရှိသူအင်မတန်နည်းပါးခဲ့ပါတယ်။

(မဂ္ဂဇင်းဓါတ်ပုံများအား ပို့ စ်အောက်ဘက်တွင် ဖေါ်ပြထားပါတယ်။)

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းအကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး တစ်ဆင့်စကားတစ်ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလအာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ကမန်းကတန်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ လိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက်ပြောဆိုပါတော့တယ်။

ဘာဖြစ်လို့ များ ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းဟာ မဆလစစ်အာဏာရှင်တွေကို ထိတ်လန့် တုန်လှုပ်စေရတာလည်း။

မဂ္ဂဇင်းထဲပါ ရေးသားထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတိုတွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင်ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေစီစစ်ရေးနဲ့ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ က မဆလအစိုးရကို ညှိစွန်းစေတဲ့အကြောင်းအရာတွေအားလုံးကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ်ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်းအရာတွေ မသိခင်မှာ၊ ကျွန်တော်လက်ထဲမှာ နှစ်ပါတ်လည်စာစောင်အဖြစ် အမှတ်တရသိမ်းထားရအောင်ဆိုပြီး ၀ယ်ယူခဲ့လို့  ဒီမဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလစစ်အစိုးရကို ထိခိုက်စေရလောက်တဲ့ ရေးသားချက်များ မတွေ့ ရပါဖူး။

စာပေ၀ါသနာပါသူတစ်ယောက်အနေနဲ့ ရော၊ တက်ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ ရော မြတ်နိုးစွာနဲ့ ဘဲ ဒီမဂ္ဂဇင်းစာအုပ်ကို အခေါက်ခေါက် ဖတ်ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့  မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးတာလို့  ကြားရသိရတဲ့အခါမှာတော့၊ ဒီမဂ္ဂဇင်းကို လိုက်သိမ်းနေတယ်လို့  ကြားရတဲ့အခါမှာတော့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ သိမ်းထားတဲ့နေရာကနေ ကမန်းကတန်းပြန်ရှာပြီး မျက်နှာဖုံးကိုကြည့်ကြည့်တယ်။ ဘာမှထူးခြားတာ မတွေ့ ဖူး။ ထပ်ခါထပ်ခါ ကြည့်တယ်၊ ဘာမှလည်းမတွေ့ ပါလားဆိုပြီးနေခဲ့ရာကနေ၊ နောင်တော်ကျောင်းသားကြီးတစ်ယောက်ကနေ ပြောပြမှဘဲ သိသွားတွေ့ သွားပါတော့တယ်။ ဒီတော့ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်ပြီး တိုးတိုးတိတ်တိတ် လေး အဖန်ဖန်ကြည့်မိနေပါတော့တယ်။

ကျွန်တော်မြင်တာက ဒီဟာ ဒီမှာ၊ ကျန်တဲ့သူငယ်ချင်းတွေက သူတို့ မြင်တာ ဒီမှာ ဒီဟာဆိုပြီး ကြည့်လေမြင်လေဖြစ်နေပြီး၊ မမှီခဲ့တဲ့ ဇူလိုင် (ရ)ရက် ကျောင်းသားလှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခံရမှုဟာ ကျွန်တော်တို့  နောင်လာနောက်သား ညီတော်ကျောင်းသားတွေရဲ့ စိတ်အတွေးထဲမှာ ကိန်းအောင်းဝင်လာပါ တော့တယ်။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်း ရေးဆွဲခဲ့ကြသူတွေ၊ မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေကတော့ မဆလစစ်အာဏာရှင်ရဲ့ ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခြင်းကို ရဲဝန့် စွာနဲ့ ခံယူရပါတယ်။

မဆလစစ်အာဏာရှင်ရဲ့ ကျောင်းသားတွေအပေါ် ရက်စက်ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရအောင် ပြန်လည်ပေါ်ထွက်လာတိုင်း မဆလအာဏာရှင်တွေဟာ သွေးခြောက်ခြားပြီး၊ ကျဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ၀ိညာဉ်ဟာ သူတို့ ကို ကြေက်လန့်  တုန်လှုပ်စေပါတယ်။ ဒါကြောင့်မို့  ဒီ ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းအကြောင်းကို သိသိချင်းမှာဘဲ ပိတ်ပင်တားဆီး ပြန်လည်သိမ်းခဲ့တာပါ။

ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းလေးမှာ ဘာတွေပါလဲ၊ ၁၉၆၂ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို လျှို့ ဝှက်ပုံတွေ ဖေါ်ထားသလဲ ဆိုတာ ပုံများနဲ့ တစ်ကွ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ မှန်ဘီလူးလေးတစ်ခုနဲ့ အသေးစိတ်ကြည့်ရင်တော့ ကျွန်တော်ဖေါ်ပြထားတာထက် ပိုပြီးတွေ့ မြင်ကြရမှာပါ။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို ကြည့်ရင်းဖြင့်၊ ၁၉၆၂ခုနှစ်က နောင်တော်ကျောင်းသားကြီးများကို ဦးညွတ်အလေးပြုလိုက်သလို၊ နောင်လာနောက်သား ညီတော်ကျောင်းသား ကျောင်းသူအပေါင်းကိုလည်း အသိပေးလိုက်ပါတယ်။ ငါတို့ တစ်တွေရဲ့  ကျောင်းသားသမိုင်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဖူး ဆိုတာပါ။

အာဏာရှင်အပေါင်းကိုလည်း ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းကို ပြန်လည်မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင်စနစ်ကို တော်လှန်မှုဟာ ခောတ်အဆက်ဆက် ပြောင်းပေမယ့် ဆက်လက်တည်ရှိနေမယ်ဆိုတာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ သွေးဟာ မခြောက်သေးဖူးဆိုတာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ သင်တို့  အာဏာရှင်တိုင်းကို တုန်လှုပ်ခြောက်ခြားပါစေသောဝ်။

(ဒီရန်ကုန်တက်ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို
ကြည့် ဖို့ နဲ့ ၊ အသေးစိတ် လျှို့ ဝှက်ပုံများကို ကြည့်ဖို့  ဒီမှာပါ။)

ပုံ (၁) - ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် ရှေ့ မျက်နှာဖုံးဒီဇိုင်း။






















ပုံ (၂) - ကျဆုံးသွားသောကျောင်းသူကျောင်းသားများရဲ့ အခေါင်းအား သယ်ဆောင်လှည့်လည်နေသည့်ပုံ။














ပုံ (၃) - အာဇာနည်ဟု စာတန်းပုံသဏ္ဍန်ရေးထိုးထားသော ကျောင်းသူကျောင်းသား
တို့ ၏အုတ်ဂူ။











ပုံ (၄) - ကျောင်းသူကျောင်းသားများ စီတန်းလှည့်လည်နေကြပုံ။








ပုံ (၅) - ဇူလိုင် (ရ)ရက်နှင့် (၈)ရက်နေ့ တွင် ကျဆုံးခဲ့သောသူများအကြောင်း ကျန်ရစ်သူ ကျောင်းသူကျောင်းသားအပေါင်းအား ရှင်လင်းပြနေပုံနှင့်၊ အာဏာရှင်အား ကမ္ဘာမကြေဖူးဟု ဖေါ်ကျူးထားသော လက်သီးဆုတ်ပုံ။


















ပုံ (၆) - ၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။

ဒီ တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံးမှာလည်း နံပါတ် (၇) ပုံအား ပန်းပွင့်များဖြင့် ဗြောင်းပြန် ရေးဆွဲဖေါ်ကျူးထားတာကိုလည်း တွေ့ ရပါလိမ့်မယ်။






















ဒီလို အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်ရဲ့  ရှေ့ မျက်နှာဖုံးနဲ့  နောက်မျက်နှာဖုံးတွေမှာ ဇူလိုင် (၇) နဲ့  ပတ်သက်တဲ့ လျှို့ ဝှက်ပုံတွေ ထည့်သွင်းရေးထားတာတွေကို ပိုမိုတွေ့ လိုတွေ့ ငြား ရှာကြည့်ချင်တယ်ဆိုရင်တော့ မျက်နှာဖုံးအရှေ့ နဲ့ အနောက်နှစ်ခုလုံးကို ကာလာပရင့် (colour print) နဲ့  ပုံကြိး ထုတ်ပြီး မှန်ဘီလူးလေးနဲ့  ကြည့်ကြည့်ဖို့ ပါဘဲ။

ယခုဖေါ်ပြတဲ့ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်မှာ ဇူလိုင် (၇) နဲ့  ပတ်သက်တဲ့ လျှို့ ဝှက်ပုံတွေ ထည့်သွင်းရေးထားတာတွေမျိုး အခြားသော နှစ်ပတ်လည်တစ်ခုမှာ ထုတ်တဲ့ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်တစ်ခုမှာလည်း ပါရှိသေးကြောင်း သိရှိရပါတယ်။ အဆိုပါ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်အား လက်ဝယ်သိမ်းဆည်းထားသူ ရှိပါက အများပြည်သူ သိရှိရလေအောင် ဖေါ်ပြပေးဖို့  မေတ္တာရပ်ခံလိုက်ရပါတယ်။

(ရေးသားဖေါ်ပြသူ - နစ်နေမန်း)။

အပြည့်ဖတ်မည်...

အာဏာရှင်တို့ လက်ချက်ဖြင့် ဖြိုခွဲဖျက်ဆီးခံခဲ့ရသော ကျောင်းသားသမဂ္ဂအဆောက်အဦးနှင့် ၇ ဇူလိုင် အရေးတော်ပုံ။

student movement in july 7 (written by Aung Kyaw Myo)

အပြည့်ဖတ်မည်...

အာဏာရှင်ကို အာခံတော်လှန်ရဲတဲ့ ကျောင်းသားထုအပေါင်းတို့ ရဲ့  မော်ကွန်းဝင် ဆဲဗင်း ဇူလိုင်။

အပြည့်ဖတ်မည်...

တာဝန်သိ ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များ အားလုံးသို့  ဖိတ်ခေါ်ခြင်း။

















ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ နှင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ ခြင်းအား ၂၀၀၉ ခုနှစ် ဇွန်လ ( ၅ ) ရက်နေ့  တွင် မြန်မာပြည်တွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

















အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်ခိုင်ဖြိုးအသင်းဝင်များနှင့် စွမ်းအားရှင်များ အားလုံးအား ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ အာဏာရှင်စနစ်လက်အောက်မှ အမျိုးသားတစ်ရပ်လုံးလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပါဝင်ဆောင်ရွက်ကြပါရန် ဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ်။

Welcome Letter

အပြည့်ဖတ်မည်...

Saturday, July 4, 2009

အာဏာရှင်ကို စိန်ခေါ်ရဲတဲ့ ကျောင်းသားတို့ ရဲ့ သမိုင်းဝင် ဆဲဗင်း ဇူလိုင်။

အပြည့်ဖတ်မည်...